တမန်တော်/ဝတ္ထု
သန့်ရှင်းသော/ဝိညာဉ်တော်/ကို စေလွှတ်မည်/ဟူသော ကတိတော်
1
1-2 အို သော်ဖိလု… သခင်/ယေရှု/၏ အမှုတော်/ဆောင်ရွက်ခြင်း/နှင့် သွန်သင်ခြင်းတို့/ကို အစပြုတော်မူသည့်/အချိန်/မှစ၍ ရွေးချယ်တော်မူခြင်း/ခံရသည့်/တမန်တော်တို့/အား သန့်ရှင်းသော/ဝိညာဉ်တော်/အားဖြင့် ညွှန်ကြားတော်မူ/ပြီးနောက် အထက်/ကောင်းကင်ဘုံ/သို့ ဆောင်ယူခြင်း/ခံတော်မူသည့်/နေ့/အထိ ဖြစ်ပျက်သော အကြောင်းအရာများ/ကို ပထမ/စာစောင်/တွင် ကျွန်ုပ်/ရေးသားခဲ့ပြီ။ 3 အသေခံတော်မူ/ပြီးနောက် ယေရှု/သည် မိမိ/အသက်ရှင်/လျက်/ရှိကြောင်း ခိုင်မာသော/သက်သေ/အထောက်အထားများ/ဖြင့် ရက်ပေါင်း/လေးဆယ်/အတွင်း တမန်တော်တို့/အား ကိုယ်ထင်ပြ/၍ ဘုရားသခင်/၏/နိုင်ငံတော်/အကြောင်း/ကို ဟောပြောတော်မူ၏။4 ထိုသို့ တမန်တော်တို့/နှင့်အတူ ရှိတော်မူ/စဉ် ယေရှု/က “ဂျေရုဆလင်မြို့/မှ မထွက်ခွာဘဲ ခမည်းတော်/၏/ကတိတော်/ကို စောင့်မျှော်ကြလော့။ ထို/ကတိတော်/အကြောင်း/ကို ယခင်က သင်တို့/အား ငါ/ဟောပြောခဲ့၏။ 5 ယောဟန်/သည် သင်တို့/အား ရေ/၌ နှစ်ခြင်းမင်္ဂလာ/ပေး၏။ မကြာမီ သင်တို့/သည် သန့်ရှင်းသော/ဝိညာဉ်တော်/၌ နှစ်ခြင်းမင်္ဂလာ/ကို ခံယူကြရ/လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှု/ကောင်းကင်ဘုံ/သို့ ကြွမြန်းတော်မူခြင်း
6 ထို့နောက် တမန်တော်တို့/သည် ယေရှု/နှင့်အတူ စုဝေးကြ/စဉ်/တွင် သူတို့/က “သခင်ဘုရား… ယခုအချိန်/သည် အစ္စရေးလူမျိုးတို့/အား နိုင်ငံတော်/ကို ပြန်လည်/ပေးအပ်တော်မူမည့်/အချိန်/ဖြစ်ပါသလော” ဟု မေးလျှောက်ကြ၏။
7 ယေရှု/က “ခမည်းတော်/၏ အခွင့်အာဏာတော်/နှင့် ချမှတ်ထားတော်မူသော အချိန်ကာလ/ကို သင်တို့/သိခွင့်/မရကြ။ 8 သို့ရာတွင် သင်တို့/အပေါ်/သို့ သန့်ရှင်းသော/ဝိညာဉ်တော်/ဆင်းသက်/သောအခါ သင်တို့/သည် တန်ခိုး/ကို/ရရှိ/၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံး/တိုင်အောင် ငါ/၏/သက်သေခံများ/ဖြစ်ကြ/လိမ့်မည်” ဟု မိန့်တော်မူ၏။
9 ထိုသို့ မိန့်တော်မူ/ပြီးနောက် တမန်တော်တို့/သည် ကြည့်ရှုနေကြ/စဉ် သခင်ဘုရား/သည် ကောင်းကင်ဘုံ/သို့ ဆောင်ယူခြင်း/ကို/ခံတော်မူ/၍ မိုးတိမ်/သည် ကိုယ်တော်/ကို သူတို့/၏/မြင်ကွင်း/မှ ဖုံးကွယ်လေ၏။ 10 ထိုသို့ ကောင်းကင်/သို့ ကိုယ်တော်/ကြွမြန်းတော်မူသည်/ကို တမန်တော်တို့/သည် မျှော်ကြည့်/နေစဉ် အဖြူရောင်/ဝတ်ရုံ/ဝတ်ဆင်ထားသော/လူ/နှစ်ဦး/သည် ရုတ်တရက်/ပေါ်လာ/၍ သူတို့/အနီး/တွင် ရပ်လေ၏။ 11 ထို/သူတို့/က “အို ဂါလိလဲပြည်သားတို့… သင်တို့/သည် အဘယ်ကြောင့် ကောင်းကင်/သို့ မျှော်ကြည့်/လျက် ရပ်နေကြသနည်း။ သင်တို့/ထံမှ ကောင်းကင်ဘုံ/သို့ ဆောင်ယူခြင်း/ခံရသော ထို/ယေရှု/သည် ကောင်းကင်ဘုံ/သို့ ကြွမြန်းတော်မူသည်/ကို သင်တို့/မြင်ကြရသည့်/နည်းတူ ပြန်/၍/ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။
ယုဒ/၏/နေရာ/တွင် မဿိ/ကို အစားထိုးခြင်း
12 ထို့နောက် တမန်တော်တို့/သည် သံလွင်တောင်/မှ ဂျေရုဆလင်မြို့/သို့ ပြန်သွားကြ၏။ သံလွင်တောင်/သည် ဂျေရုဆလင်မြို့/နှင့် မိုင်ဝက်/ခရီးa/ခန့် ကွာဝေး၏။ 13 ထို/မြို့/သို့ ဝင်ကြ/သောအခါ သူတို့/သည် မိမိတို့ တည်းခိုနေသော/အိမ်/၏/အပေါ်ထပ်/အခန်း/သို့ တက်သွားကြ၏။ ထို/သူတို့/မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ/၏/သား/ယာကုပ်၊ မျိုးချစ်စိတ်/ထက်သန်သူ/ရှိမုန်၊ ယာကုပ်/၏/သား ယုဒ/တို့ ဖြစ်ကြ၏။ 14 ထို/သူတို့/အားလုံး/သည် မယ်တော်/မာရိ/အပါအဝင် အမျိုးသမီး/တစ်စု၊ ယေရှု/၏/ညီတော်များ/နှင့် တစ်စိတ်တစ်ဝမ်းတည်း/ဖြင့် အဆက်မပြတ်/ဆုတောင်း/လျက် နေကြ၏။
15 အရေအတွက်/အားဖြင့် တစ်ရာ့နှစ်ဆယ်/ခန့်/ရှိသော ယုံကြည်သူများ/အလယ်/၌ ပေတရု/သည် ထ/၍ 16 “ညီအစ်ကို/မောင်နှမတို့… ယေရှု/ကို ဖမ်းဆီးသော/သူတို့/အား ဦးဆောင်လာသည့် ယုဒ/အကြောင်း/နှင့်/ပတ်သက်/၍ သန့်ရှင်းသော/ဝိညာဉ်တော်/က ဒါဝိဒ်မင်းကြီး/၏/နှုတ်/အားဖြင့် ကြိုတင်/ဟောပြောသော ကျမ်းချက်/သည် ဖြစ်လာ/ရမည်။ 17 ယုဒ/သည် ငါတို့/အဖွဲ့ဝင်/ဖြစ်/၍ ဤ/သာသနာ/လုပ်ငန်း/အတွက် ခန့်အပ်ခံရသူ/လည်း ဖြစ်၏။
18 သူ/သည် မတရားမှု/ဖြင့် ရရှိသော/ငွေ/နှင့် မြေတစ်ကွက်/ကို ဝယ်ယူ၏။ ထို့နောက် သူ/သည် ထို/မြေ/၌ ဇောက်ထိုး/ကျ/လျက် သေဆုံးလေ၏။ သူ/၏ ဝမ်းဗိုက်/သည် ပေါက်/၍ အူများ/ထွက်ကျလာ၏။ 19 ထို/သတင်း/ကို ဂျေရုဆလင်မြို့/၏/ဒေသခံများ/အားလုံး သိကြ၏။ ထို/မြေကွက်/ကိုလည်း သူတို့/၏/ဘာသာစကား/အားဖြင့် အကေလဒမ/ဟု ခေါ်ဆိုကြ၏။ အဓိပ္ပာယ်/မှာ သွေးမြေ/ဟု ဆိုလို၏။
20 ထို/အကြောင်း/ကို ဆာလံကျမ်း/တွင် ရေးထားသည်/မှာ ‘သူ/၏/နေထိုင်သော/အရပ်/သည် လူသူ/ကင်းမဲ့/၍ ထို/နေရာ/တွင် မည်သူ/မျှ မနေပါစေနှင့်။ သူ/၏/တာဝန်/ကိုလည်း အခြားသူ/တစ်ဦး ယူပါစေ’b ဟူ၍ ဖြစ်၏။
21-22 ထို့ကြောင့် သခင်/ယေရှု/၏/ရှင်ပြန်/ထမြောက်တော်မူခြင်း/အကြောင်း/ကို ကျွန်ုပ်တို့/နှင့်အတူ သက်သေခံမည့်/သူ/အား ယုဒ/၏/နေရာ/၌ အစားထိုး/ရန် ရွေးချယ်ကြရမည်။ ထို/သူ/မှာ ယေရှု/သည် ယောဟန်/ပေးသော/နှစ်ခြင်းမင်္ဂလာ/ကို ခံယူတော်မူသည့်/အချိန်/မှစ၍ ကျွန်ုပ်တို့/ထံမှ ကောင်းကင်ဘုံ/သို့ ဆောင်ယူတော်မူခြင်း/ခံရသည့်/နေ့/တိုင်အောင် ကျွန်ုပ်တို့/နှင့်/ပေါင်းဖော်သော/သူ/ဖြစ်ရမည်” ဟု ပြောလေ၏။
23 ထို့နောက် ဗာရှဗ/ခေါ် ယုတ္တု အမည်ရှိသော/ယောသပ်/နှင့် မဿိ/တို့/နှစ်ယောက်/ကို အဆိုပြု/ကြ၏။ 24-25 ထိုမှ/တစ်ဖန် သူတို့/က “အို သခင်ဘုရား… သခင်/သည် လူအပေါင်းတို့/၏/စိတ်နှလုံး/ကို သိမြင်တော်မူ၏။ ယုဒ/သည် မိမိ/နှင့်/ထိုက်သော/နေရာ/သို့ သွား/ရန် တမန်တော်/ရာထူး/ကို စွန့်လွှတ်သွားလေပြီ။ ထို့ကြောင့် ဤ/အမှုတော်/လုပ်ငန်း/နှင့် သူ/၏/တာဝန်/ကို ဆက်ခံ/ရန် သခင်ဘုရား/သည် ဤ/သူ/နှစ်ဦး/ထဲမှ မည်သူ့/ကို ရွေးချယ်တော်မူကြောင်း ဖော်ပြတော်မူပါ” ဟု ဆုတောင်းကြ၏။ 26 ထို့နောက် မဲနှိုက်c/ဆုံးဖြတ်ကြ/ရာ မဿိ/ကို မဲကျ/သဖြင့် သူ/သည် တမန်တော်/ဆယ့်တစ်ပါး/နှင့်အတူ တမန်တော်/စာရင်းဝင်လေ၏။